အထက်မင်းလှ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်၊ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ဦးစီးမှူးဦးထင်အောင်တို့သည် ယမန်နေ့လယ်(၁) နာရီခွဲအချိန်က မင်းလှမြို့သို့ ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဂါလန်(၁၅၀၀၀၀)ဆံ့ရေစုကန် တည်ဆောက် နေမှုနှင့် ပန်းခြံသစ်တည်ဆောက်ခြင်း အတွက် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မင်းလှမြို့နယ်ရွာတော် ကျေးရွာအုပ်စုရှိ၊ မြို့ရေပေးရေးဝန်းအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၊ ရန်ပုံငွေဖြင့်ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန်တည် ဆောက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းတို့က မြို့ရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေစုကန်တည်ဆောက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်စီးပွားရေးရာ ဝန်ကြီးမှမြို့ရေပေးရေးလုပ်ငန်းများ၊ ရေစုကန်တည်ဆောက်နေမှု လုပ်ငန်း နှင့်ပတ်သက်၍ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့်တိုင်းဒေသကြီးဦးစီးမှူးတို့သည် မင်းလှမြို့မြောက်ရပ်ကွက်ရှိ “ထ”ကန်ဘေးမြေနေရာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပန်းခြံသစ်တည်ဆောက် နေမှုအခြေအနေများ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ရာတာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုများ အားရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် စီးပွားရေးရာဝန်ကြီးနှင့်တိုင်းဒေသ ကြီးဦးစီးမှူးတို့က ”ထ” ကန်နှင့်ပန်းခြံသစ် သာယာလှပရေးအတွက် ထပ်မံဆောင်ရွက်ရမည့်လုပ်ငန်းများ အပေါ်လိုအပ်သည်များ အားလမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)