တောင်ငူ သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေပိုင်းက အမှတ်(၂၀)ရပ်ကွက်တွင် မန်ကျည်းပင်တစ်ပင်ပြိုလဲခဲ့ ပြီးကံရိုးကျေးရွာ၊ ရန်ကုန်- မန္တလေးအမြန်လမ်းဟောင်းတွင် ပဒဲပင်ပြိုလဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါသစ်ပင်ကြီးနှစ်ပင်ပြိုလဲမှုကြောင့် လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက သွားရောက်ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)