မြန်အောင် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်းတွင် ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာအတွက်ထောက်ပံ့ငွေများကို ယမန်နေ့ညနေက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြစ်ရေတိုက်စားသဖြင့် နေအိမ်(၅)လုံးကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၅၀၀၀၀ဝ)နှင့် လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေ (၃၉၉၀၀)ကျပ် စုစုပေါင်းတန်ဖိုး (၅၃၉၉၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)