ကသာ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ကျောင်းကျန်းမာရေးသီတင်ပတ်အဖြစ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကသာခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးသူအန်းက ကျောင်းသား/ ကျောင်းသူလးများအား သန်ချဆေးတိုက်ကျွေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သန်ချဆေးတိုက်ကျွေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)