ခန္တီး ဩဂုတ် ၈
အခြေခံပညာ အလယ်တန်းကျောင်း (ဇီးဖြူကုန်း)၏ ဖိတ်ကြားချက်ဖြင့် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက အခြေခံပညာ အလယ်တန်းကျောင်း (ဇီးဖြူကုန်း) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဉီးထားမီကအဖွင့် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝစွာရရှိစေရန်နှင့် ရရှိပြီးသား အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်များ၏ ရှေ့၌ထွက်ပြီး ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သည့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ ဉီးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က ဆောင်ရွက်ခဲ့ပြီး Grade-9 မှ မောင်မွန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-7 မှ မထက်စံအိမ်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မအေပီအုန်းမေက လူငယ်နှင့်စာပေခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-6 မှ မဒုံမိုင်က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်ရှိသူများကလည်း ဖြည့်စွက်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)