ငရုတ်ကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဆိုင်ရာများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ငရုတ်ကောင်း၊ ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုက်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်မြို့ အုပ်ချုပ်‌ရေးမှူး ဦးဝေယံဦးက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကော်မတီဝင်များအား လယ်ကွက်လပ်များ မကျန်ရှိစေရေး၊ ရိုးပြတ်များကျန်မရှိစေရေး၊ ရေငံဒဏ်ခံနိုင်သော မျိုးစပါးများ ထည့်သွင်းစိုက်ပျိုးရေး၊ ကျေးရွာအုပ်စုများတွင် ကော်ဖီပင်များ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးသွားနိုင်ရေးတို့ကို ပြောကြားခဲ့သည်။ ပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူဆောင်ရွက်သည့် သွင်းအားစုများနှင့် တစ်ဧကလျှင်(၁၀)တင်းနှုန်း တိုးထွက်‌စေရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ငရုတ်ကောင်း(ပြန်/ဆက်)