ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင် မြောင်းမြအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေး

မြောင်းမြ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်သည် မြောင်းမြခရိုင် တရားသူကြီး ဒေါ်ခင်ဝင်းလှိုင်၊ လပွတ္တာခရိုင်တရားသူကြီး ဒေါ်တင့်တင့်မော်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြောင်းမြအကျဥ်းထောင် တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဥ်းထောင်အတွင်း အကျဥ်းသား/အကျဥ်းသူ၊ အချုပ်သား/အချုပ်သူများ နေထိုင်သည့် အဆောင်များ စားဖိုဆောင်၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှုရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှုရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဥ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)