စာဖတ်ရှိန်မြင့်တင်ရေးအတွက် Mobile library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

မြင်းမူ ဩဂုတ် ၈

စာငှား၊ စာဖတ်သူတိုးပွားရေးနှင့်စာဖတ်ရှိန်မြင့်မားရေးအတွက် မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်(စာငှား/စာဖတ်သူ)များလက်ဝယ်အရောက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့သွားရောက်၍  စာအုပ်များ ငှားရမ်းပေးခဲ့သည်။

“ ဌာနများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်နေ၍ စာကြည့်တိုက်ဖွင့်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ စာအုပ်လာရောက်မငှားနိုင်သည့် ဝန်ထမ်းများအတွက်ယင်းတို့၏ လက်ဝယ်အရောက်လိုက်လံငှားပေးခြင်းဖြစ်ပြီးဖတ်ရှုပြီး စာအုပ်၊ စာစောင်များကိုလည်းတစ်ပါတ်လျှင် တစ်ကြိမ်စာအုပ်အသစ်ဖြင့်လဲလှယ်ငှားပေးကြောင်း၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေဖတ်ရှုလိုသည့်ဝန်ထမ်းများအတွက် များစွာအဆင်ပြေကြောင်းနှင့် ဌာနအတွက်စာငှား/ဖတ်များတိုးလာမည်ဖြစ်၍ များစွာအဆင်ပြေမည်ဖြစ်ကြောင်း  မြို့နယ်ပြန်/ဆက်ဦးစိးဌာနတာဝန်ရှိသူထံက သိရှိရသည်။

မြင်းမူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာငှား၊ စာဖတ်တိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မိုဘိုင်းစာငှားခြင်းလုပ်ငန်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။                               

အောင်စိုးဖေ(မြင်းမူ)