မင်းလှမြို့တွင် လေဆင်နှာ‌မောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်၊ ဇရပ်နှင့် နတ်လမ်းတို့ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွား

မင်းလှ ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက လေဆင်နှာ‌မောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်(၆)လုံး၊ ဇရပ်(၁)လုံးနှင့် နတ်လမ်း(၁)ခု ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေလောင်းအုပ်စု၊ ရွှေလောင်းကျေးရွာနေ ဦးကိုမြင့်၊ ဒေါ်ငွေ၊ ဦးအောင်ခင်သိန်း၊ ဒေါ်သောင်းစိန်တို့၏နေအိမ်များ အမိုးလန်ပျက်ဆီး၍ ဦးမြအုန်း၏ နွားတင်ကုတ်(၁)လုံး၊ ကျေးရွာရှိ ဇရပ်(၁)လုံးတို့ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ဒီလှိုင်းအုပ်စု၊ ဒီလှိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သစ်ပင်ပြိုလဲမှုကြောင့် နတ်လမ်းပျက်ဆီးခဲ့ပြီး ဦးသန်းဦး၊ ဦးမောင်မောင်ဦးတို့၏နေအိမ် အမိုးလန်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုမရှိ‌ခဲ့ကြောင်း သိရသည်။

အဆိုပါလေဆင်နှာမောင်းတိုက်ခတ်သည့် ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများက ပူးပေါင်း၍ အိမ်ထောင်စု(၆)စုမှ ဘေးသင့်ပြည်သူ စုစုပေါင်း(၁၁)ဦးတို့အား နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)