သံတောင်ကြီးမြို့ထွက် မင်းကွတ်သီးများ အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၂၀၀) မှ (၃၀၀) ထိရရှိ

သံတောင်ကြီး ဩဂုတ် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ထွက် မင်းကွတ်သီးများ အလုံးအရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ကျပ် (၂၀၀) မှ (၃၀၀) အထိ ရရှိလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သံတောင်ကြီးမြို့ရှိ ဒေသခံပြည်သူများသည် ယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးစိုက်ပျိုးမှုလည်း အပါအဝင် ဖြစ်သည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး(၁၅)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှသြဂုတ်လအထိသာ အသီးသီးပြီး အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ ၁၀၀ မှ ၃၀၀ ခန့်အထိ လည်းကောင်း၊ အပင်ကြီးတစ်ပင်လျှင် အသီးအလုံးရေ ၄၀၀ မှ ၈၀၀ ခန့်အထိ ရရှိသည်။

ဒေသခံတောင်သူများသည် မင်းကွမ်းသီးများကို သံတောင်မြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ သီးနှံအဝယ်ဒိုင်များသို့လည်း ရောင်းချလက်ရှိရာ အရွယ်အစားပေါ်မူတည်၍ မင်းကွမ်းသီးတစ်လုံးကိုဈေးနှုန်း ကျပ်(၂၀၀) မှကျပ် (၃၀၀) အထိရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

နော်နော်မူ