တန်ဖိုးမြှင့်စား​သောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲကျင်းပ

ရွှေဘို သြဂုတ် ၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့နံနက် ၁၀ နာရီချိန်​၊ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့်၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးမျိုးထက်​မောင်က​၊ မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်​စေ၊ အသင်း၊ အဖွဲ့အစည်းအစုအဖွဲ့ဖြစ်​စေ၊ အ​သေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းမှတ်ပုံတင်ပြီး၊ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်အထိ ဆက်လက်ကူညီပံ့ပိုး​ ဆောင်ရွက်​ပေးမည်ဖြစ်​ကြောင်းနှင့် သင်တန်း​ရေးရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့် စု​ပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့​ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ/သင်တန်းနည်းပြဆရာမ(၂)ဦးတို့က ကိတ်မုန့်၊​ ပေါင်မုန့်အမျိုးမျိုး အပါဝင် မုန့်အမျိုးမျိုးပြုလုပ်ခြင်းများကို စာ​တွေ့၊ လက်​တွေ့သင်ကြား​ပေးမည်ဖြစ်​​ကြောင်း၊ သင်တန်းတက်​ရောက်သူ (၂၀) ဦးရှိ​ပြီး၊ သင်တန်းကာလမှာ (၇.၈.၂၀၂၃) မှ (၁၃.၈.၂၀၂၃) ရက်​​နေ့ထိ ဖြစ်​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်