ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး  ဩဂုတ် ၆  

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၂၁၀)ကျော် အားအခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ် သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ကျောက်ကပ်ရောဂါနှင့်ဆီးလမ်း ကြောင်း ရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီးအသည်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအားဆေးထိုး ပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအားဘီပိုး ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ပါကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)