ကဝ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၁၁၅)နှစ်မြောက် "ရဟန္တာကြီးများနေ့" အထိမ်းအမှတ် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီက ကဝမြို့ကျက်သရေဆောင် မဟာအဘယမုနိ ငါးထပ်ကြီးဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကဝမြို့ဩဝါဒစရိယ ရုံးကျောင်းကျောင်းတိုက် ဦးစီးပဒါနနာယက ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်များ နာယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများနှင့် ဝါဆိုသံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရားတော်မြတ်နာယူကာ ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)