ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်၌ (လက်ဆွဲ)ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှု အားပေး

သာယာဝတီ သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ရန်ကုန်ပြည်လမ်း၊ မိုင်တိုင် ၈၁/၂ ရှိ တောင်သူ ဦးရဲနိုင်ဦး ပိုင်ဆိုင်သော ဦးပိုင်အမှတ် ၂၅၊ ကွင်းအမှတ် ၁၂၅၁ ၏ လယ်မြေ၌ ယနေ့နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု့အားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်တို့က မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်က စပါးအထွက်တိုးရရှိအောင် ပေါင်းသင်ခြင်း၊ မြေဆီကျွေးခြင်း၊ အားဆေးဖျန်းခြင်း၊ ပိုးသတ်ဆေးဖျန်ခြင်းလုပ်ငန်းများ စနစ်တကျ ပြုလုပ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)