ထန်းတပင် (ပဲခူး) အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာ (၁) ဦး ကင်မွန်းချုံကျေးရွာ (၁) ဦး ၊ ကြိမ်တောမြှောင်ကျေးရွာ(၁)ဦး၊ ဇီးဖြူသောင်ကျေးရွာ (၁) စုစုပေါင်း (၄)ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ (၄)နာရီခွဲက ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ပနိုင်ငံများမှ ထန်းတပင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန် (၄)ဦးအား ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသည့် Facility Quarantine ၌ (၁၄-၁၀-၂၀၂၀)ရက်နေ့မှ (၂၇- -၁၀-၂၀၂၀)ရက်နေ့အထိ Facility Quarantine ဝင်ရောက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဌာနမှ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)