ဓနုဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြည့်ရှုသူစုစုပေါင်း (၇၉၅၁၇) ဦးရှိ

ဓနုဖြူ  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာခွဲ များ၌ ကပ်ထားကြေညာထားရှိပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကပ်ထားပေးရာ မဲဆန္ဒရှင်များမှ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြရာ ယမန်နေ့ကအထိ ကြည့်ရှုသူ (၇၉၅၁၇) ဦးရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု (၈၁) အုပ်စု၌ မဲရုံပေါင်း (၁၆၄) ရုံဖွင့်လှစ်သွားမည် ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ (၁၄၄၅၆၁) ဦးရှိပြီး ပုံစံ(၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ (၉၃၄) ဦး၊ ပုံစံ (၃-က) ဖြင့် လက်ရှိဒေသတွင် ရက်ပေါင်း (၉၀) ကြာနေပြီး ဆန္ဒမဲပေးရန် လျောက်ထားသူ (၄၀၀) ဦး၊ ပုံစံ (၄) ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ (၂၇၂) ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၄၄၂) ဦးရှိကြောင်း မဲစာရင်းများ စနစ်တကျကပ်ထား ကြေညာထားမှုနှင့် ပြည့်စုံမှန်ကန်စေရန် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)