ရေနံချောင်း ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ရာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၀၀ ဦး တက်ရောက်သည်။
လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိတို့က ကျောင်းသားကျောင်းသူများအကြား မူးခင်းကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးစသည့် အကြောင်းအရာများကို ဌာနတာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် အသီးသီးအသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။
အဆိုပါလူငယ်အသိပညာပေးဟောပြောပွဲများကို ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်