မင်းလှ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရန် လျာထားချက်ဧက (၇၆၁၄၁) ရှိရာ ယမန်နေ့က လျာထားချက် ပြည့်မီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအ တွက် ဒေသခံ စိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချ ကိရိယာဖြင့်လည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့်လည်းကောင်း ကူညီစိုက်ပျိုးပေးခဲ့သည်။
၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် ကြဲခင်း (၂၇၂၈၂)ဧက၊အစိုကြဲခင်း (၂၀၃၁၇) ဧက၊ အခြောက်ကြဲခင်း (၆၉၆၅)ဧက၊ Seeder(၃၄၄၅၉)ဧက၊ ပျိုးထောင်စိုက် (၁၄၄၀၀)ဧက၊ ပေါင်းပျိုး(၁၈၅)ဧက၊ ရိုးရိုးပျိုး (၁၄၀၈၀)ဧက၊ SRI (၂၀)ဧက၊ ကောက်စိုက်စက်(၁၁၅)ဧက စုစုပေါင်း (၇၆၁၄၁)ဧကအား စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ မှော်ဘီ- ၃၊ ရက်ကိုးဆယ်၊ GW-11၊ ထိုင်းနှံကောက်နှင့် ရေနံသာပေါ်ဆန်းတို့ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)