ပန်းတနော် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲသင်တန်းသားများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အထူးရဲသင်တန်းနေရာ အသီးသီးတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲ သင်တန်းသား (၂၁၇)ဦးအား သင်တန်းပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆောင်ရွက်နေပြီး အဆိုပါ အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိကို ကိုဗစ်-၁၉ Antibody (RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား သင်တန်းဖွင့်လှစ်သည့် နေရာ(၃)နေရာတွင် ဆောင်ရွက်ခဲ့ရာ အထူးရဲ တပ်သားများ အားလုံး ရောဂါပိုးမတွေ့ရှိ (Negative)ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)