ပန်းတောင်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်များနှင့် ပြိုလဲခဲ့သော နေအိမ် တို့အား အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကို ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် သရက်လိန်အုပ်စု တတ်သစ်ကျွန်းရွာတွင် အမိုးလန် နေအိမ်(၁)လုံး၊ ဆင်တဲအုပ်စု ဆင်တဲကျေးရွာတွင် အမိုးလန်လူနေအိမ်(၈၉)လုံး၊ ပြိုလဲလူနေ အိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၇၆၅၂၀၀)ကျပ်၊ လူဦးရေ (၃၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ(၆၅၅၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၄၂၀၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ပလတ်စတစ် ပုံးပါ(၂)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)