မုံရွာ သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်များအလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုး မိုးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးပြီး အခြားလုပ်ငန်းများကိုလည်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေး စားရေရိက္ခာဖူလုံရေး အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မိမိတို့တိုင်းဒေသကြီး အနေ ဖြင့် ဆန်၊ ဆီ၊ ပဲဖူလုံမှုရှိသော်လည်း နာဂ ဒေသနှင့်အချို့ခရိုင်များတွင် ခရိုင်အလိုက်ဆန်နှင့် ဆီဖူလုံမှုရရှိစေရေးအတွက် သီးထပ်၊သီးညှပ်စိုက်ပျိုးခြင်း၊ မြေလွတ်၊မြေလပ်၊မြေရိုင်းများအား မြေယာပြုပြင်၍ မြေလွတ်၊မြေလပ်မကျန်စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်နှင့် မျိုးများပြောင်းလဲ စိုက်ပျိုးခြင်း၊ ရေသောက်စနစ်ကောင်းမွန်ရေးတို့အား ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား ရည်ရွယ်ချက်များအတိုင်း စားရေရိက္ခာဖူလုံစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စနစ်တကျစီမံပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်၍ စံချိန်စံညွှန်းမီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန်နှင့် အခြေအနေအကြောင်းကြောင်းကြောင့် လုပ်ဆောင်နိုင်မှု မရှိပါက အမြန်ဆုံးပြန်လည် အပ်နှံ၍ ဒေသခံပြည်လူထုအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအား အချိန်မှီ ပြန်လည်အစားထိုး ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအား အထောက်အကူပြုစေမှာ ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် MSMEs လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)