ကျွန်းစုမြို့တွင် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ရောင်းချ

ကျွန်းစု စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့် တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ် စည်ပင်သာယာ ရေး ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် မြို့နယ်တင်ဒါရောင်းချရေးနှင့် စိစစ်ရေးကော်မတီမှ တည်ဆောက်ရေး ပစ္စည်းများ ဝယ်ယူခြင်းအတွက် ကြမ်းခင်းဈေးနှုန်း သတ်မှတ်ခဲ့ကြပြီးနောက် ကတန် ကျွန်းပေါ်နှင့် ပင်လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ဘိလပ်မြေ၊ သံချောင်း၊ ပုံစံသစ်၊ ကျောက်စရစ်၊ ဒီဇယ် များကို အိတ်ဖွင့်တင်ဒါ ရောင်းချခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)