မြဝတီ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) ရပ်ကွက်ရှိ ကြံခင်းဈေးတွင် ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျက်ဆား (KBITNAI MEDICAL SALT) အား ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျစစ်ဆေးလျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် ရောင်းချလျက်ရှိသော ကိုဗစ်နိုင်ဆေးလျက်ဆား (KBITNAI MEDICAL SALT) သည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် မြဝတီခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းနိုင်နှင့်် ဝန်ထမ်းများ၊ မြဝတီမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ ကြံခင်းဈေးအတွင်း /အပြင်ရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်ခန်းများတွင် အဆိုပါကိုဗစ်နိုင်ဆေးလျက်ဆား (KBITNAI MEDICAL SALT) ရောင်းချခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် ဈေးဆိုင်များကိုလည်း တားမြစ်ကုန်ပစ္စည်း များ ရောင်းချခြင်းမပြုကြရန် စသည်တို့ကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရ သည်။
မန်းသန်းရွှေမြင့်