ကြံခင်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မဲရုံလုံခြုံရေး အထူးရဲသင်တန်းသားများအား Rapid Diagnostic Test (RDT) ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ပုဂံပြန်ဘုန်းတော်ကြီး ကျောင်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်(၄၄)ဦး၊ သင်တန်းနည်းပြ (၆)ဦးဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ မဲရုံလုံခြုံရေး အထူးရဲများအား မြို့နယ်ကျန်းမာရေးမှူး (၁)ဦးကျော်ကျော်ဆန်း ဦးဆောင်သော ကျန်းမာရေးအဖွဲ့များမှ ကိုဗစ်-၁၉ရာဂါပိုး ရှိ/မရှိ Antigen(RTD)Test Kit များဖြင့် စစ်ဆေးခဲ့ရာ အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြ ဆရာများတွင် ရောဂါပိုးမရှိကြောင်း (Negative)ဖြစ်ကြောင်း သိရသည်။
အလားတူ ကြံခင်းမြို့နယ် ဘက်ရဲမြို့အမှတ်(၁) လယ်ဝိုင်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချ လျက်ရှိသော အထူးရဲ သင်တန်းသား(၅၀)ဦးနှင့် သင်တန်းနည်းပြ(၇)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Antigen(RTD) Test Kit များဖြင့် ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်နွဲ့ ဦးဆောင်သော ကျန်းမာရေးမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်းနှင့် အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြ များတွင် ကိုဗစ်-၁၉ရောဂါပိုး မရှိကြောင်း(Negative)ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)