အောင်လံ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက်၊ အ.ထ.က (၁) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အောင်လံခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်မှာစကားပြောကြားခဲ့ပြီး၊ အောင်လံခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် ဥပဒေနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဆွေးနွေးခဲ့ကာ၊ အောင်လံခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးက အဂတိတရား(၄)ပါးနှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အောင်လံခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အခွန်ရှောင်ရှားခြင်းနှင့် တိမ်းရှောင်ခြင်းသည် အဂတိလိုက်စားမှုဖြစ်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့ပြီး၊ အောင်လံခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိက အဂတိလိုက်စားမှုနှင့်ပတ်သက်ဆက်စပ်သော ပြဌာန်းထားသည့် ဥပဒေများ၊ ပုဒ်မများနှင့် ပြဌာန်းချက်များ ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသိပညာပေးခြင်းကဏ္ဍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)