ဘိုကလေးမြို့နယ် စံပယ်ကုန်းကျေးရွာအုပ်စုတွင် သစ်ပင်ပြိုလဲ၍ နေအိမ်ပြိုကျပျက်စီး

ဘိုကလေး ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စံပယ်ကုန်းကျေးရွာအုပ်စု၊ စကားလွန်ကုန်းကျေးရွာတွင် ဩဂုတ်(၃)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်၌ ရုတ်တရက်လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲကာ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့သည်။

ပျက်စီးသောနေအိမ်သည် စကားလွန်ကုန်းကျေးရွာနေ ဦးငြိမ်းမောင်၏ အလျား(၂၇)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၁၅)ပေရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ဖြစ်ပြီး ပျက်စီးနေအိမ်မှ မိသားစုဝင်(၅)ဦးအား ကျေးရွာတာဝန်ရှိသူများမှ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ ထားကြောင်း၊ လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် လူနှင့်တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးမှုအတွက် အမြန်ဆုံး ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)