မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးအား ဆေးကုသ စောင့်ရှောက် ထားရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၄

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု့ခံစားနေရပြီး ယနေ့နံနက်အချိန်ထိ ရောဂါပိုး တွေ့ရှိသူ positive လူနာ စုစုပေါင်း (၂၄)ဦးရှိသည်။

အဆိုပါလူနာများသည် မြို့နယ်ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ပိုးတွေ့ရှိသူ သံဃာတော် (၁)ပါးအပါအဝင် (၁၉)ဦးအား မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် ဝန်ထမ်းများမှ ဂရုစိုက်ကုသပေးလျက်ရှိရာ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိပါသည်။ Positive လူနာ၂ ဦးသည် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းခွင့် ရရှိပြီဖြစ်သည်။

မြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ပိုးရှိလူနာနှင့် ထိတွေ့သူများအား FQ ထားရှိသူ၊ ရပ်/ကျေးများတွင် နေရပ်ပြန် အသွားအလာကန့်သတ် ထားရှိသူ စုစုပေါင်း(၃၆၄)ဦးရှိသည်။

အထက(၁)၊ မြို့မအလက၊ ကုတင်(၅ဝ)ဆေးရုံ၊ အားကစားခန်းမဆောင်သစ်၊ ရတနာ့ဗိမ္ပာန် ဘုန်းတော်ကြီးကျောင်းတို့တွင် Facility Quarantine Centre ဖွင့်လှစ်ထားရှိပြီး  မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှကြီးကြပ်၍ ဌာနဆိုင်ရာများ ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် အသင်းအဖွဲ့များ၊ အရေးပေါ် စေတနာလုပ်အားရှင်အဖွဲ့တို့မှ အလှည့်ကျ စောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ  စေတနာရှင်အလှူ့ရှင်များမှ လိုအပ်လျက်ရှိသော ကုတင်များ၊ စားသောက်ကုန်ပစွည်းများ၊ သောက်ရေသန့်များ၊ အလှူငွေများ နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)