ကေ့ာကရိတ် သြဂုတ် ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့၌ သြဂုတ်(၁)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေလျှံမှုကြောင့် ကေ့ာကရိတ်မြို့နှင့်၊ ကျုံဒိုးမြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်အပိုင်းတို့တွင် ရေများဝင်ရောက်လျက်ရှိပါသည်။
အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကေ့ာကရိတ်မြို့နယ် အတွင်းရှိ မြေနိမ့်ပိုင်းများဖြစ်သည့် အမှတ်(၁)၊ (၂)၊ (၄)၊ (၅)၊ (၆)ရပ်ကွက်တို့တွင် နေထိုင်သည့်နေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်းနှင့် အမှတ်(၅)ရပ်ကွက် စက်မှုသိပ္ပံကျောင်းတွင် ရေများ ဝင်ရောက်သဖြင့် ဆရာ/ဆရာမများ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း(၃၀)ဦးတို့ကို ကေ့ာကရိတ်မြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက စက်လှေတစ်စီး မီးငြှိမ်းသတ်ယာဥ်တို့ဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)