မြင်းမူ ဩဂုတ်လ ၃ ရက်
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိရိုးဖလာတောင်သူ လုပ်ငန်းများနှင့်အတူ တစ်ပိုင်တစ်နိုင် စားဖိုချောင်သီးနှံမျိုးစုံကို စိုက်ပျိုးကြရာ ယခုအချိန်တွင် ပဒေသာခရမ်းသီးများ ခူးယူရောင်းချနေချိန်ဖြစ်၍ မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိလျက် ရှိကြောင်း သိရှိရသည်။
ယခင်ကခရမ်းသီးစိုက်ပျိုးရာတွင် ပုံမှန်မျိုးကိုသာစိုက်ပျိုးကြသော်လည်း ယခုချိန်တွင် အထွက်နှုန်းကောင်းသည့် မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ခရမ်းပင်သည်မြေကောင်းကို
ကြုက်နှစ်သက်ကာ မိုးဦးကာလဖြစ်သည့် ကဆုန်၊ နယုန်လများနှင့် မိုးနှောင်းလ တော်သီလင်း၊ တန်ဆောင်မုန်းလများတွင် စိုက်ပျိုးရကြောင်း၊ ပင်ကြား/တန်းကြား (၃ ပေ ၃ ပေ) ထားစိုက်ပျိုးပြီး (၃)လအကြာတွင် အသီးများ စတင်ရရှိကြောင်း သိရှိရသည်။
ယခုစိုက်ပျိုးထားရှိသည့် ပဒေသာ ခရမ်းမျိုးမှာ အထွက်နှုန်းကောင်းမွန်ကြောင်း၊ တစ်ပင်လျှင် တစ်ကြိမ် ခူးပါက(၁)ပိသာခန့်ရရှိနိုင် ကာ(၁၅)ရက်တစ်ကြိမ် ခူးယူနိုင်ကြောင်း သိရှိရသည်။
ယခုခူးယူရောင်းချချိန်တွင် ခရမ်းသီး(၁)ပိသာလျှင် (၁၈၀၀) မှ (၂၀၀၀) ကျပ်ဈေးအထိရှိပြီး မြန်မာမျိုးဖြစ်သည့် ခရမ်းသီးမျိုးထက် ဈေးအနည်းငယ် ပိုမိုရရှိကာ လူအများအပြားကြိုက် နှစ်သက်သည့် ခရမ်းမျိုးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)