ခါမ်းပါတ် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ခါမ်းပါတ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ Quarantine Center တွင် ပြည်တွင်းပြည်ပမှ ပြန်လည် ဝင်ရောက် လာသူများ၏ အာခေါင်နှင့်နှာခေါင်းတို့ပတ် (Swab) ဓာတ်ခွဲနမူနာများကို ယနေ့နံနက် ၉ နာရီက ရယူခဲ့ကြကြောင်း ခါမ်းပါတ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစန်းလင်းထံမှသိရှိရသည်။
ထိုသို့ ရယူရာတွင် ရန်ကုန်မှပြန်လာသူ(၁) ဦး၊ မန္တလေးမှ (၃) ဦး၊ တရုတ်နိုင်ငံမ ှပြန်လာသူ( ၃) ဦးနှင့် ထိုင်းနိုင်ငံမှပြန်လာသူ (၄) ဦး စုစုပေါင်း( ၁၁ ) ဦး ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများအား မန္တလေးမြို့ အမျိုသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဗဟိုဌာနသို့ ပေးပို့စစ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
ဇော်ဝင်းထွန်း