ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းလုပ်ကိုင်သူနည်းလာ

ရေစကြို  ဩဂုတ်  ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ထန်းငယ်တောကျေးရွာအုပ်စု၊ ထန်းငယ်တောကျေးရွာတွင် တစ်ရွာလုံးနီးပါး မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်လာကြရာမှ ယခုအခါ မြန်မာ့ ရိုးရာရက်ကန်းလုပ်ငန်း ရက်ကန်းစင် ငါးစင်လောက်သာကျန်ရှိတော့ ခေတ်အဆက်ဆက် မိရိုးဖလာရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့သည့် ဦးမြသော်ကရှင်းပြသည်။

အဆိုပါ မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လာခဲ့ရာ ရက်ကန်းယက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစုဘဝရပ်တည်လုပ်ကိုင်လာခဲ့ရာမှ ပြည်ပမှဝင် ရောက်လာသည့် စက်ယက်ထည်များကို ဈေးကွက်မယှဉ်ပြိုင်နိုင်ပဲ တဖြည်းဖြည်း မြန်မာ့ရိုး ရာရက်ကန်းယက် လုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီဖြစ်ကြောင်း ရက်ကန်းယက်လုပ်ငန်းလုပ်ကိုင်သူ များထံကသိရသည်။ မြန်မာ့ရိုးရာ ချည်ထည်စစ်စစ်ရက်ကန်းယက် လုပ်ငန်းများ ခေတ်ကောင်းစဉ် အခါက ဝါဒစောင်၊ မုဒုံစောင်၊ လက်သုပ်ထည်၊ ကချင်ထည်း (မြစ်ကြီးနား)တို့ကိုသာ ယက်လုပ်ရောင်းချခြင်းဖြင့် မြန်မာ့ရိုးရာယက်ကန်းလုပ်ငန်း လုပ်ကိုင်နေရကြောင်း၊ ယခုယက်လုပ်နေသည့် ကချင်ထည်(မြစ်ကြီးနား)ထည် ယက်လုပ်ရန်အတွက် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှထွက်ရှိသည့် နှစ်တစ်ရာချည်ခေါ်ချည်ချောအားမှာယူယက် လုပ်ကြကြောင်း ဦးမြသော်ကရှင်းပြသည်။ မြန်မာ့ ရက်ကန်းစင်များသည်လည်း စက်ယက်ကန်းကဲ့သို့ လိုချင်တဲ့အရောင် ယက်လုပ်၍ရကြောင်းနှင့် ကချင်ထည်(မြစ်ကြီးနား)ထည်တစ် မျိုးထဲသာ အရောင်အမျိုးမျိုးဖြင့် အမျိုးသမီးဝတ်ဝမ်းဆက် ယက်လုပ်ကြကြောင်း အမျိုးသမီး ဝတ်ဝမ်းဆက်တစ်စုံရဖို့ သုံးရက်ယက်လုပ်ရပြီး အင်မတန်ကျွမ်းကျင်သည့် ရက်ကန်းယက်သ မသာလျှင် သုံးရက်ယက်လုပ်ခြင်းဖြင့် ဝမ်းဆက်တစ်စုံ ရရှိကြောင်း၊ အတော်အတန်ကျွမ်းကျင် ရုံဖြင့် အမျိုးသမီးဝမ်းဆက်တစ်စုံ လေးငါးရက် ယက်လုပ်မှ ဝမ်းဆက်တစ်စုံရရှိကြောင်း ရက်ကန်းလုပ်ငန်းကျွမ်းကျင်သူ မအေမီဖြိုးကပြောကြားသည်။ ကချင်ထည်အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံ ၁၂၀၀၀ ကျပ်ရရှိကြောင်း၊ ကချင်ထည်းပြန်ရောင်းဈေး ၃၂၀၀၀ ကျပ်ရရှိကြောင်း ကချင်ထည်ပွဲစားများ ရက်ကန်းစင်ထိလာရောက်ဝယ်ယူကြပြီး မြစ်ကြီးနားမြို့သို့ ဆက်လက်ပို့ဆောင်ရောင်းကြကြောင်းလည်း ရက်ကန်းစင်ပိုင်ရှင် ဦးမြသော်က ပြောကြား၍ သိရသည်။

မိရိုးဖလာယက်ကန်းယက်လုပ်ရာတွင် ရက်ကန်းစင်တစ်ခုတွင်ပါရှိရမည့်  အင်္ဂါအစိတ် အပိုင်းများမှာ လက်ခတ်၊ ယင်သွား၊ နှပ်၊ ဇာခြည်နှပ်၊ လိပ်ပြာတောင်၊ ပွတ်လုံး၊ လိမ့်တုံး၊ ခူ၊ လိပ်တုံးခွံ၊ ခြေနင်းဝါး နှစ်လုံး၊ ဇာခြည်ဝါးတစ်လုံး၊ ဘရိတ်၊ ဘရိတ်တံ၊ စီးကြောင်း၊စီး၊နှပ်ပိုးတံ၊ သားရေသီး၊ ဒက်သီးတပ် သံလုံး၊ လွန်းယက်ဖောက်၊ ရက်ကန်းခြေနင်း၊ ကြိုး၊ ရက်ကန်း ယောက်ခုံ(ရစ်ခုံ)၊ ရက်ကန်းယောက် ခုံမှာပုံစံအမျိုးမျိုးရှိကြောင်း၊ အချို့မှာစက်ဘီးခွေဖြင့်ရစ် ခြင်း၊အချို့မှာရစ်ခုံဖြင့်ရစ်ခြင်းများ အမျိုးမျိုးကွဲပြားကြောင်းသိရကာ မြန်မာ့ရိုးရာယက်ကန်း လုပ်ငန်းပျောက်ကွယ်လုနီးဖြစ်နေပြီဖြစ်ကြောင်း ရေစကြိုမြို့နယ် ထန်းငယ်တောကျေးရွာ မိရိုးဖလာရက်ကန်းလုပ်ကိုင်လာသည့် ဦးမြသော်ကရှင်းပြသည်။         

ဒီပါလင်း