မော်လိုက် ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအားကစား ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန် က ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာ ကြသည့် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်များကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ကစားသမားများက အားကစားကွင်း သို့ ထွက်ခွာခဲ့ကြပြီး ပွဲဦးထွက်ပြိုင်ပွဲအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ပညာရေးရေးဦးစီးဌာနတို့၏ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင် ကစားကြရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ အားပေးကြည့်ရှုခဲ့ကြသည်။
မော်လိုက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲကို ဖူဆယ်(ကျား) ဘောလုံး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(ကျား) ပြိုင်ပွဲ၊ ဘောလီဘော(ကျား/မ) ပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်းအားကစားအသင်း (၂၇)သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)