ညောင်တုန်း ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အမှတ် (၇) ရပ်ကွက်၊ တောရကျောင်းတာပေါ်၌ ပေးအပ်ခဲ့သည်။
ထိုသို့ ဖြန့်ဖြူးပေးအပ်ရာတွင် မြို့နယ်ဓာတ်မြေဩဇာစနစ်တကျ ဖြန့်ဖြူးပေးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းအများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၈)အုပ်စုမှ တောင်သူ(၆၅၀)ဦးအတွက် မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြနိုင်ရန် ဇူလိုင်လအတွက် ရရှိသည့် ယူရီးယားဓာတ်မြေ ဩဇာ (၆၅၀)အိတ်ကို ဖြန့်ဝေပေးခဲ့ရာ တောင်သူများကိုယ်စား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)