မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

မုံရွာ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ စုပေါင်း၍ ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မုံရွာမြို့ရန်ကင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  ကြွရောက်လာသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)