သာပေါင်း ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီဆုံကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၆ နာရီ အချိန် က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျပြီး နေအိမ်အရှေ့အမိုးပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ သည်။
ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ သစ်ကိုင်းကျိုးကျပြီး သာပေါင်းမြို့၊ ဆီဆုံကျေးရွာအုပ်စု၊ သရက်အုပ် ကျေးရွာတွင် နေထိုင်သူ ဦးဌေးလွင်နှင့် အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး(၁)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ(သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း)၊ (၁၈’×၁၂’×၁၂’)နေအိမ်ရှေ့ အမိုးပြိုကျပျက်စီးဆုံးရှုံးခဲ့ကြရပြီး ပျက်ဆီးမှုနှင့် ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား ကူညီခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေထိုင်နိုင်ရေး ဆီဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်နှင့် အဖွဲ့ဝင်တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်