လေးမျက်နှာမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

လေးမျက်နှာ  အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရ ွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT) Test Kit ဖြင့်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ၌တွင် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆွေသိန်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ စုစုလှိုင် တို့က စစ်ဆေးမှုများကို ကြည့်ရှုပြီး အထူးရဲသင်တန်းသားများကို အားပေး စကားများ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၈၈)ရုံတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသား (၁၈၈)ဦးနှင့် သတင်းဆရာ(၁၀)ဦးတို့၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်များကို နမူနာရယူ၍ Antigen (RDT) Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)