ကရသူရိ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး တေးသရုပ်ဖော် အစီအစဉ်ဖြင့် Online မှ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါကာလတွင် ပြည်သူများ Stay at Home နေစဉ်အတွင်း ကျန်းမာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဖြင့် ရောဂါကာကွယ်နည်းလမ်းများကို Online မှ လွှင့်တင် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၎င်းအစီအစဉ်တွင် မိမိကစ၍ကာကွယ်ပါ၊ Mask တပ်ဆင်သွားလာပါ၊ လက်ကို မကြာခဏဆေးပါ၊ လူစု/လူဝေးရှောင်ကြဉ်ပါစသည့် တေးသီချင်းများဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Online မှတစ်ဆင့် ပညာပေး လွှင့်တင်ဖော်ပြခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)