ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ တနင်္သာရီမြို့နယ်၌ အခမဲ့ ဖြန့်ဝေ

တနင်္သာရီ   အောက်တိုဘာလ      ၁၄


အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာ၀ ထိခိုက်ဆုံးရှုံးနိုင် ခြေလျော့ချ ရေးနေ့ (IDDRR) အထိမ်းအမှတ်အဖြစ် တနင်္သာရီမြို့နယ်   ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရေး Mask များကို ယမန်နေ့ ညနေ (၃)နာရီခွဲက တနင်္သာရီမြို့အ၀င် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ စစ်ဆေးရေးဂိတ်တွင်  အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တနင်္သာရီမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဉီးကျော်ဆန်းနှင့် ၀န်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး၊ ကြက်ခြေနီတပ်ဖွဲ့၊မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာန မှ တာ၀န်ရှိသူများနှင့် ပူးပေါင်း ၍  အပြည်ပြည် ဆိုင်ရာ သဘာ၀ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ စာတမ်း ပါ အ၀တ် Mask အခု(၁၀၀) ကို  အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ ပြန်/ဆက်)