ထန်းတပင်(ပဲခူး) ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်စားသုံးဆီဖူလုံရန်နှင့် ဆောင်းနေကြာမျိုးစေ့လိုအပ်ချက်များ ဖြည်းဆည်းပေးနိုင်ရေးအတွက် ဆင်းနေကြာ-၂မျိုးဖြင့် မိုးနေကြာ(၂၅)ဧကအား စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းနေမှုအား တာ၀န်ရှိသူများမှ ယနေ့နံနက်(၉)နာရီအချိန်က သွားရောက်စစ်ဆေးလျက်ရှိသည်။
အဆိုပါမိုးနေကြာစိုက်ခင်းသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေ၀င်းအောင်နှင့် ခရိုင်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့များမှ အောင်မင်္ဂလာကျေးရွာအုပ်စု ကွင်းအမှတ် (၄၅၅) တောင်သူဦးသောင်းမြင့်၏ မိုးနေကြာဆင်းရွှေကြာစိုက်ခင်း(၆)ဧကသို့ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့များမှ ရှင်းလင်းတင်ပြခဲ့သည်။
ထို့သို့ရှင်းလင်းတင်ပြရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုစိုးမှ မြို့နယ်အတွင်း ဒေသဆီဖူလုံမှုအခြေအနေ၊ ဆောင်းနေကြာမျိုးလိုအပ်ချက်ဖြည်းဆည်းနိုင်မှု အခြေအနေများကို ရည်ရွယ်၍ ထန်းတပင်မြို့နယ်အတွင်း မိုးနေကြာစမ်းသပ်စိုက်ပျိုးထားရှိမှု အောင်မြင်မှုအခြေအနေများနှင့် နေကြာသီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် စနစ်တကျမြေပြုပြင်ခြင်း၊ သားခွဲခြင်း၊ မြေဩဇာကျွေးခြင်း၊ ဘောင်လုံးခြင်းဆောင်ရွက်နေမှု အခြေအနေများနှင့် နေကြာသီးနှံပန်းတိုင် အထွက်နှုန်းထွက်ရှိအောင် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တာ၀န်ရှိသူများက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)