ငပုတော သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးသန်းဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သက္ကယ်သောင်ကျေးရွာအုပ်စု လယ်တောရွာ ကံသာကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော ဆရာတော်သံဃာ(၅)ပါးတို့အား ဝါဆိုသကင်္နးကပ်လှူခြင်း၊ န၀ကမ္မအလှူငွေများလှူဒါန်းခဲ့ပြီး ဘာသာရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့သည်။
ဆက်လက်ပြီး သက္ကယ်သောင်ကျေးရွာအုပ်စု ပါဝါစနဝါစီ ဗဟိုကျောင်းသစ်၌ သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော် (၁၀)ပါးတို့အား ငပုတောမြို့နယ် ဒုတိယအုပ်ချူပ်ရေးမှူး ဦးရှိန်နေလွင်ထွန်းနှင့် သက္ကယ်သောင်ကျေးရွာ အုပ်ချူပ်ရေးမှူးတို့မှ ဝါဆိုသကင်္န်းကပ်လှူခြင်း၊ န၀ကမ္မအလှူငွေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လှုဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက်)