ကြို့ပင်ကောက် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ ၄၈၈၉ ဦးအား ပန်းခင်း(၁)စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ယခုပန်းခင်း(၂) စီမံချက်အား ဒီဇင်ဘာလ အထိဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားမရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသော ပြည်သူများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးဦးခင်မောင်ထံမှသိရသည်။
အဆိုပါပန်းခင်း(၂)စီမံချက်ကို ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၉ အုပ်စုမှကျေးရွာပေါင်း ၂၇၇ ရွာသို့ ဝန်ထမ်းများမှ နယ်လှည့်ကွင်းဆင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားပြည်သူ ၃၂၆ ဦးနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသောပြည်သူ ၆၅၉ ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)