မြောင်းမြခရိုင် အကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဥ်းသား/သူ(၁၉၄)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေး

မြောင်းမြ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြ အကျဉ်းထောင်တွင် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် စေလွှတ်သည့် အကျဥ်းသား(၁၅၃)ဦး၊ အကျဥ်းသူ(၄၁)ဦး၊ စုစု‌ပေါင်း (၁၉၄)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က မြောင်းမြအကျဥ်းထောင်မှ လွတ်ပေးခဲ့သည်။

ထိုသို့ မြောင်းမြအကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဥ်းသား/သူ(၁၉၄)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် မြောင်းမြ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်း‌ဌေး၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ရွှေ၊ မြောင်းမြအကျဉ်းထောင်မှ တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဇော်မြင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး အုန်းသိန်းတို့မှ မြောင်းမြ အကျဉ်းထောင် မြဧရာခန်းမတွင် ဆုံးမစကား ပြောကြားခဲ့ပြီး ထောင်ပိုင်ကြီးမှ ထောင်ထွက်လက်မှတ်နှင့် ခရီးစရိတ်၊ စားစရိတ်များထုတ်ပေးခဲ့‌ ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)