ဓနုဖြူ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင်းရှိ တိုင်ရင်းဆေးအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဈေး ကော်မတီတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် တိုင်းရင်းဆေး ဆိုင်များတွင် ဆေးဝါးမှတ်ပုံ တင်ထားခြင်းမရှိသည့် ကိုဗစ်နိုင် ဆေးလျှက်ဆားနှင့် အများပြည်သူများ သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ ဝယ်ယူ တင်သွင်းဖြန့်ချိ ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)