ပဲခူးခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် CB KMA foundation မှ အလှူငွေ ကျပ် သိန်း( ၄၀၀ ) လှူဒါန်း

ပဲခူး အောက်တိုဘာ  ၁၄

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ  ၂ နာရီက ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ၌ အသုံးပြုရန်နှင့် ပဲခူးမြို့နယ်ရှိ Quarantine Center များတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလှူရှင် CB KMA foundation မှ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များ၌ အသုံးပြုရန် အလှူငွေ ကျပ် သိန်း(၃၀၀)ကို လည်းကောင်း၊ ပဲခူးမြို့နယ် Quarantine စခန်းများတွင် အသုံးပြုရန် အလှူငွေကျပ် သိန်း(၁၀၀) ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)