ကိုဗစ် - ၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Cash for work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေး‌/လက်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများ က ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ (Cash for work) စီမံကိန်းလုပ်ငန်းများ အကော်အထည် ဖော်ဆောင် ရွက်နေသည့် လေးမျက်နှာမြို့နယ်၊ ရှားဖြူကျင်း ကျေးရွာအုပ်စု ရှားဖြူကျင်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်ဘီး လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)