နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ အရ ဒုတိယဝါဆိုလပြည့်နေ့တွင် မအူပင်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံသူ (၉၃) ဦးအား လွတ်ငြိမ်းခွင့်ပြု

မအူပင် ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ပြည်သူ(၉၃)ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအနေဖြင့် မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံသူ (၉၃) ဦးအား ဩဂုတ် ၁ ရက် နေ့လယ် ၂ နာရီအချိန်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ သတ်မှတ်စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုလုပ်ပေးခဲ့ရာ မိသားစုများက ဝမ်းသာစွာဖြင့် လာရောက်ကြိုဆိုကြကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)