မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် တောင်ငူအကျဥ်းထောင်နှင့် (၄)မိုင် ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

တောင်ငူ သြဂုတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ငူ(၄)မိုင် ကုန်ထုတ်စခန်းမှ အကျဥ်းသား(၁၅)ဦးနှင့် ယနေ့မွန်းလွဲပိုင်း တွင် တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၉၇)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် တောင်ငူအကျဥ်းထောင် တာဝန်ခံအရာရှိ ဦးအောင်မြင့်စိုး၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး၊ သတင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ညွန့်လွင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကိုကို၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးတင်ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စုံစမ်းရေး) ဦးဝင်းတင်တို့က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကြောင်းအရင်းနှင့် ဆုံးမသြဝါဒစကားပြောကြားပြီး ခရီးစရိတ်(၆၃၈၄၀)ကျပ်၊ စားစရိတ်(၇၄၀၀၀)ကျပ်၊ စုစုပေါင်းငွေကျပ်(၁၃၇၈၄၀) ကျပ်ကို ထောက်ပံ့ပေးအပ်ကာ ယမန်နေ့နေ့လယ် (၂:၄၀)အချိန်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာကားဂိတ်များသို့ လိုက်လံပို့ဆောင်၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)