ဖျာပုံ သြဂုတ်၁
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊ ဖျာပုံအကျဉ်းထောင်တွင် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) (၅၃/၂၀၂၃)ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် စေလွှတ်သည့် အကျဥ်းသား၊အကျဥ်းသူ(၁၄၆)ဦးအား ယနေ့ နေ့လယ်ပိုင်းအချိန်ကဖျာပုံအကျဥ်းထောင်မှလွတ်ပေးခဲ့သည်။
ထိုသို့ ဖျာပုံအကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဥ်းသား (၁၄၆)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်လင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယ ဗိုလ်မှူးကြီး နိုင်လင်း၊ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေး၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ဌေးနိုင်ဦး၊ ဖျာပုံအကျဉ်းထောင်မှ ထောင်မှူးကြီး ဦးဇော်ထွန်းဦး၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဇော်တို့မှ ဖျာပုံအကျဉ်းထောင်တာဝန်ခံအရာရှိရုံး ခန်းမတွင် ဆုံးမစကားပြောကြားခဲ့ပြီး ပြစ်ဒဏ်ကျခံနေသည့် ရိုးရိုးအကျဉ်းသား ကျား(၁၀၅)ဦး၊ မ(၁၃)ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ကျား(၂)ဦး၊ မ(၁)ဦးနှင့် မာမက်ဟာရစ်(၂၀)နှစ်၊(ဘ)ဦးအေရှာဒူလာ ပါ ဘင်္ဂါလီလူမျိုး ကျား(၉)ဦး၊ မ(၉)ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကျား(၇)ဦး၊ စုစုပေါင်း အကျဉ်းသားကျား(၁၂၃)ဦး၊ မ(၂၃)ဦး တို့အား နေရပ်အသီးသီးသို့ စေလွှတ်ပေးခဲ့ကြသည်။၎င်း အကျဥ်းသား၊အကျဥ်းသူများထဲမှ ဘင်္ဂါလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ကျား (၇)ဦးအား ပြည်နှင်ဒဏ် ပေးရန်အတွက် ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးချုပ်သို့ ခွင့်ပြုမိန့် တင်ပြတောင်းခံထားပြီး ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှာအာလောမ် (၂၄)နှစ်၊ (ဘ)ဦးမိုဟာမက်ဘာလောင် ပါ(၇) ဦးနှင့် မာမက်ဟာရစ်(၂၀)နှစ်၊(ဘ)ဦးအေရှာဒူလာ ပါဘင်္ဂါလီလူမျိုး ကျား(၉)ဦး၊ မ(၉)ဦး တို့အား ဖျာပုံအကျဉ်းထောင်၌ခေတ္တထိန်းသိမ်းထားရှိပြီးဖျာပုံအကျဥ်းထောင်မှယနေ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်အကျဥ်းသား(၁၄၆)ဦးအားပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင် ပြန်/ ဆက်)