ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကော့သောင်း ဩဂုတ် ၁

ဗုဒ္ဓဘာသာဝင်၊မြန်မာလူမျိုးတို့၏ အလေးမြတ်ပြုရာ နေ့မြတ်တစ်ခုဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့၌ကုသိုလ် ကောင်းမှုများ အသီးသီးပြုလုပ်လျက်ရှိရာတနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား   ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ကြရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး အောင်သက်ဦး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများကဆရာတော်သံဃာ တော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြရာ ဆရာတော်၊သံဃာတော်များက ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ကြသည်။ယင်းနောက် ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ရွှေပြည်သာဆရာတော်ထံမှသရဏဂုံနှင့်ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ထို့နောက် ဆရာတော်အရှင်သူမြတ်တို့ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ရွှေပြည်သာဆရာ တော်မှ အနုမောဒနာတရားချီးမြင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)