ကော့သောင်းအကျဉ်းထောင်မှအကျဉ်း သား၊သူများအား  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

ကော့သောင်း ဩဂုတ် ၁

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရအမိန့်အမှတ်၊ ၅၀/၂၀၂၃ ဖြင့်  အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့အား လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/သူများအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွှတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/ သူများအား တာဝန်ရှိသူများက ဆုံးမစကားများပြောကြားခဲ့ကြ၍ ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများပေးအပ်ခဲ့ကာ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြသည်။ လွှတ်ငြိမ်းသက်သာခွင့်ရ ကော့သောင်းအကျဉ်းထောင်မှ မြန်မာနိုင်ငံသားအကျဉ်း သား အမျိုးသား  (၂၇)ဦးအမျိုးသမီး (၁၃)ဦး ဖြစ်ပြီး စုစုပေါင်း (၄၀)ဦးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)